Wednesday, April 12, 2017

Blogရေးနည်း



Blog ရေးနည်း အခြေခံ
 April12/4/2017




ဒီအကြောင်းကို သိပြီးသား သူများက မဖတ်ချင်သည်များကို ကျော်သွားလို့ရပါတယ်။ ဘာလို့လဲဆိုတော့ လုံးဝ မသိသေးသူများကိုသာ ရည်ရွယ်ပြီးရေးသားထားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုဆို Blogger တွေ တော်တော်လေး များလာပါပြီ ။ ကျွန်တော် အပါအ၀င်ပေါ့နော်။ အဲလို အများကြီးထဲမှာ အခုမှ စပြီး လုပ်ချင်တဲ့ သူများလည်း ပါဝင်ပါတယ်။ သိရင်တော့ အရမ်းလွယ်တဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် မသိသေးသူများအတွက်ကတော့ အခုထိ ခက်ခဲနေတဲ့ ကိစ္စဖြစ်နေဆဲပါ။ အဲဒါကြောင့် ဒီ စာကိုရေးဖြစ်သွားတာပါ။

Blog လုပ်နည်း

အဆင့်(၁)

Gmail Account မရှိသေးသူများက Account တစ်ခု အရင်လုပ်ထားပါ။ ပြီးလျှင် http://blogger.com/ သို့သွားပါ။  မိမိ မှာ ရှိပြီးသား Gamil Account နဲ့ Sign in ၀င်လိုက်ပါ။



အဆင့်(၂)

Create a limited Blogger Profile ကို နှိပ်ပါ။




အဆင့်(၃)

Display name မှာ မိမိ စိတ်ကြိုက် နာမည်တစ်ခုရိုက်ထည့်ပေးပါ။ ပြီးလျှင် Continute to Blogger ကိုနှိပ်ပါ။



အဆင့်(၄)

ပြီးရင်အောက်က New Blog ကိုနှိပ်လိုက်ပါ။



အဆင့်(၅)


(1)  မိမိ စိတ်ကြိုက်နာမည်တစ်ခုပေးလိုက်ပါ။ နာမည်တူရှိနေလျှင် Error Box တက်လာပါလိမ့်မည်။ နောက်နာမည်တစ်ခုပြောင်းပေးပါ။ သူက Blog Title အဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
(2)   ဒါလည်း မိမိ စိတ်ကြိုက်ပေးလို့ရပါတယ်။ ရှိပြီးသားနာမည်တော့မရပါဘူး။ သူက Example : http://မိမိပေးလိုက်သည့်နာမည်.blogspot.com/ လို့ ပေါ်လာမှာဖြစ်ပါတယ်။
(3)  မိမိ စိတ်ကြိုက် Template တစ်ခုကို ရွေးပေးပါ။ သူမှာပါသမျှ မိမိ စိတ်ကြိုက်ရွေးလို့ရပါတယ်။ နောက်ပိုင်းမှ မိမိစိတ်ကြိုက် Template ချိန်းနည်းကိုတင်ပေးပါမည်။
(4)  အားလုံးပြီးသွားရင်တော့ Create Blog ကိုနှိပ်ပါ။




အဆင့်(၆)

ဒီအဆင့်ကိုရောက်ရင်တော့ မိတ်ဆွေမှာ ကိုယ်ပိုင် Blog တစ်ခု ပိုင်ဆိုင်သွားပါပြီ။ မိမိစိတ်ကြိုက် Post များကို မိမိ Blog တွင် စိတ်ကြိုက်ဖော်ပြခွင့်ရသွားပြီဖြစ်ပါတယ်။


  1. အဆင်ပြေကြပါစေ…။

2 comments:

Facebook Name IDတင်နည်း

❀ မင်္ဂလာပါ  ❀  #Name ID တင်နည်း​လေးပါ မိမိ acc တရားဝင်​ဖြစ်​တာ​ပေါ့ မကြာဘူးတစ်ရက်​ပဲ တစ်​ခါတစ်​ခါ ၁၀မိနစ်​ / ၆ နာရီနဲ့ရတယ်​ Account...